သင်၏ ခရီးကို စတင်လိုက်ပါ။
ColumbusMigrate သည် နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို အသေးစိတ် ကျွမ်းကျင်နှံ့စပ်သော အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ Clients များနှင့် မိသားစုများအတွက် လူတစ်ဦးချင်းစီအလိုက် အနီးကပ်လမ်းညွှန်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ တရားဝင်အသိအမှတ်ပြု ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် လူကြီးမင်းတို့၏ အခြေအနေနှင့် အချိန်ဇယားများကိုအလေးထားကာ ချောမွေ့ပြီး အောင်မြင်သော Visa လုပ်ငန်းစဉ်တစ်ခုဖြစ်စေရန် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရှုပ်ထွေးလှသော နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို ကျွန်ုပ်တို့နှင့်အတူ ယုံကြည်စိတ်ချစွာ ဖြတ်ကျော်လိုက်ပါ။
နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးအတွက် ColumbusMigrate က ဘာကြောင့် အကောင်းဆုံးရွေးချယ်မှုဖြစ်တာလဲ။
နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်၏ ရှုပ်ထွေးခက်ခဲမှုများသည် လူကြီးမင်းတို့အတွက် စိုးရိမ်ပူပန်စရာ ဖြစ်နိုင်သည်ကို ColumbusMigrate မှ ကိုယ်ချင်းစာ နားလည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နာမည်ဂုဏ်သတင်းကျော်ကြားသော လူဝင်မှုကြီးကြပ်ရေးရှေ့နေ အပါအဝင် တရားဝင်အသိအမှတ်ပြု ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး ဘက်စုံဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ လူတစ်ဦးချင်းစီအလိုက် အထူးဂရုပြုဆောင်ရွက်ပေးသည့် စနစ်ကြောင့် လူကြီးမင်းတို့၏ သီးခြားအခြေအနေများကို သေချာစွာ နားလည်သဘောပေါက်ပြီး အောင်မြင်မှုရရှိရန် အလားအလာအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါသည်။ နယူးဇီလန်နိုင်ငံရှိ ဘဝသစ်ဆီသို့ လျှောက်လှမ်းမည့် သင်၏ခရီးစဉ်တွင် ကျွန်ုပ်တို့အား လမ်းပြကူညီခွင့်ပြုပါ။
စည်းမျဉ်းသတ်မှတ်ထားသော ပညာရှင်များ
ကျွန်ုပ်တို့၏ အဖွဲ့တွင် တရားဝင်အသိအမှတ်ပြု လူဝင်မှုကြီးကြပ်ရေး အကြံပေးများနှင့် ရှေ့နေ/ဥပဒေအကျိုးဆောင်များ ပါဝင်သောကြောင့် လူကြီးမင်းတို့အနေဖြင့် တိကျမှန်ကန်ပြီး ကျင့်ဝတ်နှင့်ညီညွတ်သော အကြံပြုချက်များကို ရရှိမည်ဖြစ်ကြောင်း အာမခံပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ရိုးသားဖြောင့်မတ်မှုတို့တွင် အမြင့်မားဆုံးသော စံနှုန်းများကို ထိန်းသိမ်းလိုက်နာရန် အစဉ်တစိုက် ကတိကဝတ်ပြုထားပါသည်။
ပြည့်စုံသော ဝန်ဆောင်မှုများ
ဗီဇာလျှောက်ထားခြင်းမှစ၍ အယူခံဝင်ခြင်းအထိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်မှန်သမျှအတွက် ဘက်စုံဝန်ဆောင်မှုများကို ကျွန်ုပ်တို့ ပေးအပ်လျက်ရှိပါသည်။ နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်၏ ကဏ္ဍတိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပေးခြင်းဖြင့် လူကြီးမင်းတို့အတွက် အဆင်ပြေချောမွေ့ပြီး အထိရောက်ဆုံး ဝန်ဆောင်မှုတစ်ခုဖြစ်စေရန် အာမခံပါသည်။
တစ်ဦးချင်းစီအလိုက် အနီးကပ် လမ်းညွှန်မှုပုံစံ
ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ တစ်ဦးချင်းစီအလိုက် မတူညီသော အခြေအနေများကို အချိန်ပေး နားထောင်ပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်နှင့် ကိုက်ညီမည့် ဝန်ဆောင်မှုများကို အထူးဂရုပြု ပြင်ဆင်ပေးပါသည်။ လူကြီးမင်းတို့၏ အောင်မြင်မှုသည် ကျွန်ုပ်တို့၏ အဓိက ဦးစားပေးဖြစ်သည်နှင့်အညီ ခရီးစဉ်တစ်ခုလုံးတွင် လိုအပ်သော ပံ့ပိုးကူညီမှုမှန်သမျှကို စိတ်စေတနာအပြည့်ဖြင့် အနီးကပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
နယူးဇီလန်တွင် သင့်လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော ပြည့်စုံသော လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုများ
ColumbusMigrate တွင် နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်းအခြေချမည့် လူကြီးမင်းတို့၏ ခရီးစဉ်ကို အတတ်နိုင်ဆုံး ချောမွေ့လွယ်ကူစေရန် ဘက်စုံဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်အဖွဲ့သည် လူကြီးမင်းတို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များကို ယုံကြည်မှုအပြည့်ဖြင့် အကောင်အထည်ဖော်နိုင်ရန် အဆင့်တိုင်းတွင် အနီးကပ် လမ်းညွှန်ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အမြဲတမ်း ပြောင်းလဲနေပြီး ရှုပ်ထွေးလှသော နယူးဇီလန် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းသတ်မှတ်ချက်များကို ကျွန်ုပ်တို့နှင့်အတူ အဆင်ပြေချောမွေ့စွာ ဖြတ်ကျော်လိုက်ပါ။
ဗီဇာနှင့် နေထိုင်ခွင့် လျှောက်လွှာများ
ကျွန်ုပ်တို့သည် ရှုပ်ထွေးလှသော ဗီဇာလိုအပ်ချက်များကို ကျွမ်းကျင်စွာ လမ်းညွှန်ပေးသည့်အပြင် လူကြီးမင်းတို့၏ အရည်အချင်းစစ်ဆေးခြင်းမှစ၍ ဗီဇာအောင်မြင်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို အနီးကပ် တာဝန်ယူဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်သောအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူကြီးမင်းတို့၏ ဗီဇာအောင်မြင်နိုင်ခြေကို အကောင်းဆုံး မြှင့်တင်လိုက်ပါ။
နိုင်ငံသားဖြစ်မှုနှင့် အမြဲတမ်းနေထိုင်ခွင့်
နယူးဇီလန်နိုင်ငံ၏ အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) နှင့် နိုင်ငံသားအဖြစ် ခံယူခြင်း (Citizenship) ဆိုင်ရာ လမ်းစဥ်များကို ကျွန်ုပ်တို့၏ တိကျသေချာသော လမ်းညွှန်မှု၊ စာရွက်စာတမ်းဆိုင်ရာ ကူညီပံ့ပိုးမှု၊ ကျွမ်းကျင်သူများ၏ အကြံပြုချက်များဖြင့် ယုံကြည်စိတ်ချစွာ လျှောက်လှမ်းနိုင်ပါသည်။ လူကြီးမင်းတို့၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ရန် လုပ်ငန်းစဉ်များကို စနစ်တကျ ရိုးရှင်းအောင် ဆောင်ရွက်ပေးပြီး အနီးကပ် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။
အယူခံဝင်ခြင်းနှင့် ဥပဒေရေးရာ အထောက်အပံ့
ဗီဇာငြင်းပယ်ခံရခြင်း (Refusals) သို့မဟုတ် အယူခံဝင်ခြင်း (Appeals) ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရပါက ကျွန်ုပ်တို့၏ အဖွဲ့မှ ကျွမ်းကျင်စွာ ကိုယ်စားလှယ်ဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားပြီး ရှုပ်ထွေးသော ကိစ္စရပ်များအတွက် ထိရောက်သော မဟာဗျူဟာများဖြင့် ဖြေရှင်းပေးလျက်ရှိပါသည်။ သင်၏ ရပိုင်ခွင့်များကို ကာကွယ်ပေးနိုင်ရန် ခိုင်မာသော ဥပဒေရေးရာကျွမ်းကျင်မှုများဖြင့် ကျွန်ုပ်တို့မှ စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးပါမည်။
ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်
သင့်ရဲ့ လူဝင်မှုကြီးကြပ်ရေးခရီးစဉ်၊ ရိုးရှင်းအောင်ပြုလုပ်ခြင်း
ColumbusMigrate သည် ရှုပ်ထွေးလှသော နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကို လူကြီးမင်းတို့အတွက် အရိုးရှင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါသည်။ အရည်အချင်းစစ်ဆေးခြင်းမှစ၍ ဗီဇာလျှောက်ထားမှုရလဒ် ထွက်ပေါ်လာသည်အထိ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များမှ အဆင့်တိုင်းတွင် အနီးကပ်လမ်းညွှန် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဖောက်သည်တစ်ဦးချင်းစီအတွက် အဆင်ပြေချောမွေ့ပြီး စိတ်ဖိစီးမှုကင်းဝေးစေမည့် အထိရောက်ဆုံး ဝန်ဆောင်မှုများကို ကျွန်ုပ်တို့မှ အာမခံချက်ပေးပါသည်။
ယနေ့တွင် အခမဲ့ တိုင်ပင်ဆွေးနွေးမှုကို ကြိုတင်စာရင်းသွင်းလိုက်ပါ
နယူးဇီလန်သို့ ပြောင်းရွှေ့ရန် သင့်ရွေးချယ်စရာများကို စူးစမ်းလေ့လာပြီး ယခုပင် သင့်ခရီးကို စတင်ရန် ကျွန်ုပ်တို့၏ အတွေ့အကြုံရှိ လူဝင်မှုကြီးကြပ်ရေး အတိုင်ပင်ခံများနှင့် ချိတ်ဆက်ပါ။